အရိန္ဒမာသဘာဝမြေသြဇာ

မြေဆီထက်သန် – သီးနှံဖွံ့ဖြိုး ကောင်းကျိုးဝေဖြာ – အရိန္ဒမာသဘာဝမြေသြဇာ


အကျိုးကျေးဇူးများ

  • အရိန္ဒသဘာဝမြေသြဇာ (၅၀) ကီလို (၁) အိတ်သည် အနည်းဆုံးနွားချေးလှည်း (၂) စီးတိုက်တွင် ပါဝင်သော အာနိသင်နှင့်ညီမျှသည်။
  • ပုံမှန်သုံးစွဲနေသည့် ဓာတ်မြေသြဇာပမာဏကို ထက်ဝက်မှ (သုံးချိုးတစ်ချိုး) အထိ လျှော့ချနိုင်ပြီး အရိန္ဒ မာသဘာဝမြေသြဇာကို တွဲစပ်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာ စေပြီး အကျိုးအမြတ်များစေပါသည်။
    ပျက်စီးသွားသော မြေဆီလွှာကို ပြုပြင်ပေးပြီး ပုံမှန်ဆက်တိုက် သုံးစွဲသွားခြင်းဖြင့် မြေဆီလွှာကို တိုးတက် ကောင်းမွန်စေပါသည်။
  • အပင်မှ အာဟာရဓာတ်များကို လွယ်ကူလျင်မြန်စွာ စုတ်ယူစားသုံးစေနိုင်ခြင်း၊ သုံးစွဲသော ဓာတ်မြေသြဇာများကို ဖြေညင်းစွာပြိုကွဲစေခြင်းဖြင့် အပင်အတွက် ထိရောက်မှုရှိပြီး သက်တမ်းကြာရှည်ခြင်း၊ မြေဆီလွှာအတွင်းမူလရှိနှင့်ပြီးသော ဓာတ်မြေသြဇာများကို အပင်ကအလွယ်တကူနှင့် အမြဲတမ်းစားသုံးနိုင်သော ပုံစံသို့ ကူးပြောင်းပေးနိုင်ခြင်းတို့ ရရှိနို်င်ပါသည်။
  • ရာသီဥတုဒဏ်နှင့် ပိုးမွှားရောဂါ ကျရောက်မှုဒဏ်ကို ခံနိုင်ရည်မြင့်မားလာစေပြီး အထွက်နှုန်းနှင့်အရည် အသွေးတိုးတက်ကောင်းမွန်လာစေပါသည်။
  • အီးအမ်ဘိုကာရှီ၊ သစ်ဆွေးဓာတ်၊ အမိုင်နိုအက်စစ်၊ ယူရီရစ်အက်စစ် ၊အင်ဇိုင်း၊ ဗီတာမင်များ စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီ၀ လက်ရှိပိုးများ ပိုမိုများပြား လာစေပြီး မြေဆီလွှာကို ပို၍ မွလာစေသောကြောင့် အမြစ်ဆင်းအား ကောင်းခြင်း၊ အမြစ်အုံကောင်း ခြင်း၊ မြေတွင်းအစိုဓာတ်ပိုမိုထိမ်းသိမ်းနိုင်ခြင်း၊ စသော အကျိုးကျေးဇူးများကိုပါ ရရှိစေနိုင်ပါသည်။