စဉ် | အမည် | စံချိန်စံညွှန်း | ထုတ်ပိုးပစ္စည်း | ||
၁ | ဂျစ်(ပ်)ဆမ် မြေသြဇာမှုန့် (လမင်း) | CaSO4.2H2O:95.53%,Ca:21.46%,S:17.75% | အမျိုးအစား | အရွယ်အစား | အသားတင်အလေးချိန် |
၂ | ဂျစ်(ပ်)ဆမ် မြေသြဇာမှုန့် (ငွေလမင်း) | CaSO4.2H2O-88%,Ca:23%,S:16% | ပီနံအိတ် | ၂၅ ကီလိုဂရမ် | ၂၅ ကီလိုဂရမ် |
၃ | Compound Fertilizer (K4) (ကေဖိုး) | N:15%,P2O5:5%,K2O:10% | ပီနံအိတ် | ၂၅ ကီလိုဂရမ် | ၂၅ ကီလိုဂရမ် |
၄ | Ammonium Sulphate Granular | N:20.5 % Min,S:23.5%Min | ပီနံအိတ် | ၉.၈ ကီလိုဂရမ် | ၉.၈ ကီလိုဂရမ် |
၅ | Granular Magnesium Sulphate (Pink) | Total MgO:25 % Min,W-MgO:19% Min, S:15% Min | ပီနံအိတ် | ၂၂'' ၃၃'' | ၅၀ ကီလိုဂရမ် |
၆ | Granular Magnesium Sulphate (Green) | Total MgO:25 % Min,W-MgO:19% Min, S:15% Min | ပီနံအိတ် | ၂၂” ၃၃” | ၅၀ ကီလိုဂရမ် |
၇ | Granular Magnesium Sulphate (White) | Total MgO:25 % Min,W-MgO:19% Min, S:15% Min | ပီနံအိတ် | ၂၂” ၃၃” | ၅၀ ကီလိုဂရမ် |
A homepage section
ဂျစ်(ပ်)ဆမ်မြေသြဇာမှုန့်
အနော်ရထာစိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ တင်သွင်းဖြန့်ဖြူးရောင်းချသောဆေး
ငွေလမင်း မြေ-ပြင် / အထွက်တိုး ဂျစ်(ပ်)ဆမ်မြေသြဇာမှုန့်
အကျိုးကျေးဇူးများ
- မြေ ချဉ်/ငန် ဓာတ်ကို ထိန်းညှိပေးပြီး မြေတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးသည်။
- မြေဆီလွှာကို မွစေပြီး အမြစ်ထွက်အား သန်မာစေသည်။ပဲမျိုးစုံတွင်မြစ်ဖုများ သန်မာပွားများစေပြီး မြေဆီလွှာတိုးတက်ကောင်းမွန်စေသည်။
- မြေဆီလွှာအတွင်းရှိ အခြားအာဟာရဓာတ်များကို အပင်မှ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်ရန် ကူညီပေးသည်။ အာဟာရ ချို့တဲ့မှုကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်သည်။
- အစေ့အဆံပြည့်တင်းခြင်း၊ ရင့်မှည့်မှုညီညာခြင်း၊ အရည်အသွေးကောင်း၍ အထွက်နှုန်းကိုလည်း တိုးတက်စေသည်။
- ရာသီဥတုနှင့်ပိုးမွှား/ရောဂါဒဏ်ကို ခံနိုင်ရည်မြင့်မားစေသည်။
- အထူးသဖြင့် မြေပဲ ၊ ခရမ်းချဉ်၊ အာလူး ၊ ကြက်သွန် သီးနှံများတွင် အထွက်နှုန်းနှင့်အရည်အသွေးအပေါ် တိုက်ရိုက်လွှမ်းမိုးမှုရှိသည်။
အသုံးပြုနို်င်သော သီးနှံများ
ပဲမျိုးစုံ / ဆီထွက်သီးနှံများ / နှံစားသီးနှံများ / ဟင်းသီးဟင်းရွက်များ/ ဥစားသီးနှံများ / ဥယာဉ်ခြံသီးနှံများ / အလှစိုက်ပန်းမာန်များ / စက်မှုကုန်ကြမ်းသီးနှံများ
- သီးနှံအမျိုးအစားအလိုက် (၁) ဧကလျှင် တစ်ရာသီအတွက် (၁) အိတ်မှ (၃) အိတ်အထိ အသုံးပြုနိုင်သည်။
- သီးနှံအမျိုးအစားနှင့်မြေအမျိုးအစားအပေါ်မူတည်၍ လိုအပ်သလို အသုံးပြုပေးရမည် ဖြစ်ပါသည်။
အရိန္ဒမာသဘာဝမြေသြဇာ
မြေဆီထက်သန် – သီးနှံဖွံ့ဖြိုး ကောင်းကျိုးဝေဖြာ – အရိန္ဒမာသဘာဝမြေသြဇာ
အကျိုးကျေးဇူးများ
- အရိန္ဒသဘာဝမြေသြဇာ (၅၀) ကီလို (၁) အိတ်သည် အနည်းဆုံးနွားချေးလှည်း (၂) စီးတိုက်တွင် ပါဝင်သော အာနိသင်နှင့်ညီမျှသည်။
- ပုံမှန်သုံးစွဲနေသည့် ဓာတ်မြေသြဇာပမာဏကို ထက်ဝက်မှ (သုံးချိုးတစ်ချိုး) အထိ လျှော့ချနိုင်ပြီး အရိန္ဒ မာသဘာဝမြေသြဇာကို တွဲစပ်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာ စေပြီး အကျိုးအမြတ်များစေပါသည်။
ပျက်စီးသွားသော မြေဆီလွှာကို ပြုပြင်ပေးပြီး ပုံမှန်ဆက်တိုက် သုံးစွဲသွားခြင်းဖြင့် မြေဆီလွှာကို တိုးတက် ကောင်းမွန်စေပါသည်။ - အပင်မှ အာဟာရဓာတ်များကို လွယ်ကူလျင်မြန်စွာ စုတ်ယူစားသုံးစေနိုင်ခြင်း၊ သုံးစွဲသော ဓာတ်မြေသြဇာများကို ဖြေညင်းစွာပြိုကွဲစေခြင်းဖြင့် အပင်အတွက် ထိရောက်မှုရှိပြီး သက်တမ်းကြာရှည်ခြင်း၊ မြေဆီလွှာအတွင်းမူလရှိနှင့်ပြီးသော ဓာတ်မြေသြဇာများကို အပင်ကအလွယ်တကူနှင့် အမြဲတမ်းစားသုံးနိုင်သော ပုံစံသို့ ကူးပြောင်းပေးနိုင်ခြင်းတို့ ရရှိနို်င်ပါသည်။
- ရာသီဥတုဒဏ်နှင့် ပိုးမွှားရောဂါ ကျရောက်မှုဒဏ်ကို ခံနိုင်ရည်မြင့်မားလာစေပြီး အထွက်နှုန်းနှင့်အရည် အသွေးတိုးတက်ကောင်းမွန်လာစေပါသည်။
- အီးအမ်ဘိုကာရှီ၊ သစ်ဆွေးဓာတ်၊ အမိုင်နိုအက်စစ်၊ ယူရီရစ်အက်စစ် ၊အင်ဇိုင်း၊ ဗီတာမင်များ စနစ်တကျ ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့် မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီ၀ လက်ရှိပိုးများ ပိုမိုများပြား လာစေပြီး မြေဆီလွှာကို ပို၍ မွလာစေသောကြောင့် အမြစ်ဆင်းအား ကောင်းခြင်း၊ အမြစ်အုံကောင်း ခြင်း၊ မြေတွင်းအစိုဓာတ်ပိုမိုထိမ်းသိမ်းနိုင်ခြင်း၊ စသော အကျိုးကျေးဇူးများကိုပါ ရရှိစေနိုင်ပါသည်။
အရိန္ဒမာသီးနှံစုံကွန်ပေါင်းမြေသြဇာ
မြေဆီထက်သန် – သီးနှံဖွံ့ဖြိုး ကောင်းကျိုးဝေဖြာ – အရိန္ဒမာသီးနှံစုံကွန်ပေါင်းမြေသြဇာ
အရိန္ဒမာသီးနှံစုံကွန်ပေါင်းမြေသြဇာသည် သြဂဲနစ်မြေသြဇာကို အခြေခံ၍ ဓာတ်မြေသြဇာနှင့်အချိုးကျ တွက်ချက်ထုတ်လုပ်ထားသော Semi-Organic အမျိုးအစားဖြစ်ပါသည်။
အကျိုးကျေးဇူးများ
- ဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲမှုကို လျော့ချနိုင်စွမ်းပြီး သွင်းအားစုကုန်ကျစရိတ်ကို သက်သာလာစေသည်။
- ပျက်စီးသွားသောမြေဆီလွှာကို ပြုပြင်ပေးပြီး ပုံမှန်သုံးစွဲသွားခြင်းအားဖြင့် မြေဆီလွှာတိုးတက်ကောင်း မွန်မှုကိုပါ ရရှိလာစေမည်ဖြစ်ပါသည်။
- သီးနှံတို့၏အထွက်နှုန်းအရည်အသွေးတို့ကို တိုးတက်မြင့်မားစေပြီး ဓာတုဓာတ်ကြွင်းပါဝင်မှုကို လျော့ ချနိုင်သည်။
- အီးအမ်ဘိုကာရှီ၊ သစ်ဆွေးဓာတ်၊ အမိုင်နိုအက်စစ်များပါ စနစ်တကျတွက်ချက်ပေါင်းစပ်ထုတ်လုပ်ထား သောကြောင့် မြေဆီလွှာအတွင်းအကျိုးပြုအဏုဇီဝသက်ရှိများ တိုးတက်များပြားလာစေပြီး အကျိုးဖျက် အနုဏီ၀ သက်ရှိများ၏ ဟန့်တားဖျက်ဆီးမှုများကို ထိန်းချုပ်နိုင်သည်။
- သီးနှံပင်တို့၏ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ရာသီဥတုဒဏ် ၊ ပိုးမွှားရောဂါဒဏ် ၊ ခံနိုင်ရည်ကို မြင့်မားလာစေပါသည်။
သီးနှံအမျိုးအစားအလိုက် (၁) ဧကလျှင် တစ်ရာသီအတွက် (၁) အိတ်မှ (၃) အိတ်အထိ အသုံးပြုနိုင်ပါသည်။
သီးနှံအမျိုးအစားနှင့် မြေအမျိုးအစားပေါ်မူတည်၍ လိုအပ်သလို အသုံးပြုပေးရန် ဖြစ်ပါသည်။
အမိုနီယမ်အခြေခံကွန်ပေါင်းမြေသြဇာ
အပင်သန်စွမ်းရန်လိုအပ်သော နိုက်ထရိုဂျင်ဓာတ် ၂၄ % အထိပါဝင်သည်။ လေလွင့်ဆုံးရှုံးမှုနည်း၍ ဖြည်းညှင်းစွာ ပြိုကွဲသောပုံစံဖြင့် ထည့်သွင်းထုတ်လုပ်ထားပါသည်။
အမြစ်စဉ်ဖွံ့ဖြိုးမှုအားကောင်းရန်နှင့် အပွင့်အသီးဖြိုင်စေရန် လိုအပ်သော ဖော့စဖိတ်ဓာတ် ၅ % ကို အပင်က အမြန်ဆုံးစုပ်ယူတုန့်ပြန်နိုင်သောပုံစံဖြင့် ထည့်
သွင်းထုတ်လုပ်ထားပါသည်။ အသုံးပြုပြီး (၃) ရက်အတွင်း သိသာ ထူးခြားစွာ တုန့်ပြန်နိုင်ပါသည်။
မဂ္ဂနီဆီယမ်ဓာတ် ၄.၅ % ပါဝင်၍ အစိမ်းရောင်ဆဲလ်ဖွဲ့စည်းဖြစ်ပေါ်မှုနှင့်အစာ ချက်လုပ်အားကောင်း စေပြီး အပင်ကို တာရှည်စိမ်းနေစေနိုင်ပါသည်။
မြေဆီလွှာအတွင်းအဆိပ်သင့်မှုကို ဖယ်ရှားပေးပြီး အပင်အတွက် အလွယ်တကူ စုပ်ယူသုံးစွဲနိုင်သော အာဟာရ ဓာတ်များအဖြစ် ပြောင်းလဲပေးသော ဆာလဖာဓာတ် ၈ % ပါဝင်၍ အပင်များအစိမ်းရောင်အား ဖြည့်ခြင်း၊ ရာသီဥတုနှင့်ပိုးမွှားရောဂါဓာတ် ခံနိုင်ရည်မြင့်မားစေခြင်း၊ အစေ့အဆံပြည့်တင်းစေပါသည်။
အာဟာရဓာတ်စုံပါဝင်ပြီး အပင်မှချက်ချင်းစုပ်ယူစားသုံး တုန့်ပြန်လွယ်သည်။
မြေအမျိုးအစား သီးနှံအခြေအနေတို့အပေါ်မူတည်၍ လိုအပ်သလို ချက်ချင်းကျွေး၍ ချက်ခြင်းပြုပြင်ပေး ရလွယ်သည်။ မည်သည့်သီးနှံမဆို သုံးစွဲနိုင်သည်။
အသုံးပြုပုံ
မြေပြင်ချိန်တွင်လည်းကောင်း ၊ စိုက်ပြီး (၁) လသားအတွင်းüလည်းကောင်း၊ စိုက်ကြောင်း / ကျဉ်းတွင် ဖြစ်စေ ကျဲပက်၍ဖြစ်စေ ရေဖြင့် ဖျော်လောင်း၍ဖြစ်စေ၊ အသုံးပြုနိုင်ပါသည်။
Welcome to Anawrahta Agrochemical Production And Distribution Company
Our Anawrahta Company is
1. Producing agrochemical products such as plant growth regulators,foliar fertilizers and gypsum,
2. Importing pesticides,fungicides and herbicides from China and Thailand
3. Distributing All Over Myanmar.