အရိန္ဒမာသီးနှံစုံကွန်ပေါင်းမြေသြဇာ

မြေဆီထက်သန် – သီးနှံဖွံ့ဖြိုး ကောင်းကျိုးဝေဖြာ – အရိန္ဒမာသီးနှံစုံကွန်ပေါင်းမြေသြဇာ


အရိန္ဒမာသီးနှံစုံကွန်ပေါင်းမြေသြဇာသည် သြဂဲနစ်မြေသြဇာကို အခြေခံ၍ ဓာတ်မြေသြဇာနှင့်အချိုးကျ တွက်ချက်ထုတ်လုပ်ထားသော Semi-Organic အမျိုးအစားဖြစ်ပါသည်။


အကျိုးကျေးဇူးများ

  • ဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲမှုကို လျော့ချနိုင်စွမ်းပြီး သွင်းအားစုကုန်ကျစရိတ်ကို သက်သာလာစေသည်။
  • ပျက်စီးသွားသောမြေဆီလွှာကို ပြုပြင်ပေးပြီး ပုံမှန်သုံးစွဲသွားခြင်းအားဖြင့် မြေဆီလွှာတိုးတက်ကောင်း မွန်မှုကိုပါ ရရှိလာစေမည်ဖြစ်ပါသည်။
  • သီးနှံတို့၏အထွက်နှုန်းအရည်အသွေးတို့ကို တိုးတက်မြင့်မားစေပြီး ဓာတုဓာတ်ကြွင်းပါဝင်မှုကို လျော့ ချနိုင်သည်။
  • အီးအမ်ဘိုကာရှီ၊ သစ်ဆွေးဓာတ်၊ အမိုင်နိုအက်စစ်များပါ စနစ်တကျတွက်ချက်ပေါင်းစပ်ထုတ်လုပ်ထား သောကြောင့် မြေဆီလွှာအတွင်းအကျိုးပြုအဏုဇီဝသက်ရှိများ တိုးတက်များပြားလာစေပြီး အကျိုးဖျက် အနုဏီ၀ သက်ရှိများ၏ ဟန့်တားဖျက်ဆီးမှုများကို ထိန်းချုပ်နိုင်သည်။
  • သီးနှံပင်တို့၏ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ရာသီဥတုဒဏ် ၊ ပိုးမွှားရောဂါဒဏ် ၊ ခံနိုင်ရည်ကို မြင့်မားလာစေပါသည်။
 သီးနှံအမျိုးအစားအလိုက် (၁) ဧကလျှင် တစ်ရာသီအတွက် (၁) အိတ်မှ (၃) အိတ်အထိ အသုံးပြုနိုင်ပါသည်။
 သီးနှံအမျိုးအစားနှင့် မြေအမျိုးအစားပေါ်မူတည်၍ လိုအပ်သလို အသုံးပြုပေးရန် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

7 − four =