အပင်သန်စွမ်းရန်လိုအပ်သော နိုက်ထရိုဂျင်ဓာတ် ၂၄ % အထိပါဝင်သည်။ လေလွင့်ဆုံးရှုံးမှုနည်း၍ ဖြည်းညှင်းစွာ ပြိုကွဲသောပုံစံဖြင့် ထည့်သွင်းထုတ်လုပ်ထားပါသည်။
အမြစ်စဉ်ဖွံ့ဖြိုးမှုအားကောင်းရန်နှင့် အပွင့်အသီးဖြိုင်စေရန် လိုအပ်သော ဖော့စဖိတ်ဓာတ် ၅ % ကို အပင်က အမြန်ဆုံးစုပ်ယူတုန့်ပြန်နိုင်သောပုံစံဖြင့် ထည့်
သွင်းထုတ်လုပ်ထားပါသည်။ အသုံးပြုပြီး (၃) ရက်အတွင်း သိသာ ထူးခြားစွာ တုန့်ပြန်နိုင်ပါသည်။
မဂ္ဂနီဆီယမ်ဓာတ် ၄.၅ % ပါဝင်၍ အစိမ်းရောင်ဆဲလ်ဖွဲ့စည်းဖြစ်ပေါ်မှုနှင့်အစာ ချက်လုပ်အားကောင်း စေပြီး အပင်ကို တာရှည်စိမ်းနေစေနိုင်ပါသည်။
မြေဆီလွှာအတွင်းအဆိပ်သင့်မှုကို ဖယ်ရှားပေးပြီး အပင်အတွက် အလွယ်တကူ စုပ်ယူသုံးစွဲနိုင်သော အာဟာရ ဓာတ်များအဖြစ် ပြောင်းလဲပေးသော ဆာလဖာဓာတ် ၈ % ပါဝင်၍ အပင်များအစိမ်းရောင်အား ဖြည့်ခြင်း၊ ရာသီဥတုနှင့်ပိုးမွှားရောဂါဓာတ် ခံနိုင်ရည်မြင့်မားစေခြင်း၊ အစေ့အဆံပြည့်တင်းစေပါသည်။
အာဟာရဓာတ်စုံပါဝင်ပြီး အပင်မှချက်ချင်းစုပ်ယူစားသုံး တုန့်ပြန်လွယ်သည်။
မြေအမျိုးအစား သီးနှံအခြေအနေတို့အပေါ်မူတည်၍ လိုအပ်သလို ချက်ချင်းကျွေး၍ ချက်ခြင်းပြုပြင်ပေး ရလွယ်သည်။ မည်သည့်သီးနှံမဆို သုံးစွဲနိုင်သည်။
အသုံးပြုပုံ
မြေပြင်ချိန်တွင်လည်းကောင်း ၊ စိုက်ပြီး (၁) လသားအတွင်းüလည်းကောင်း၊ စိုက်ကြောင်း / ကျဉ်းတွင် ဖြစ်စေ ကျဲပက်၍ဖြစ်စေ ရေဖြင့် ဖျော်လောင်း၍ဖြစ်စေ၊ အသုံးပြုနိုင်ပါသည်။